ရေးမြို့နယ်၌ အဘိုးအဘွား ၄၀ အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ရေး၊  ၂၁   ဇန်နဝါရီ      

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၄ အုပ်စုရှိ အသက်(၈၅)နှစ် အထက် အဘိုးအဘွား ၁၂၀၅ ဦးနှင့် အသက် ၁၀၀ အထက် အဘိုးအဘွား ၄၀ စုစုပေါင်း ၁၂၄၅ ဦးအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အဘိုးအဘွားများ၏ အိမ်အထိ သွားရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝ ကို အဘိုးအဘွား တစ်ဦးချင်းစီအား ပေးအပ်ခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)