ရေးမြို့နယ်၊ မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ရေး ၁ နိုဝင်ဘာ           

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးခဲ့သည်။

 

ထိုသို့ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ အမှန်ခြစ် တံဆိပ်တုံး၊ ချိပ်ထိုးတံဆိပ်တုံး၊ ချိပ်တောင့်၊ လုံခြုံရေးကြိုး၊ Face Shield၊ Aprom၊ Hand Spray၊ Hand Gel စသည့် မဲရုံးသုံးပစ္စည်းများကို ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ရေးမြို့နယ်တွင် ရပ်ကွက်၊  ကျေးရွာအုပ်စု (၄၄) အုပ်စုတွင် မဲရုံပေါင်း (၁၃၀) ရုံ၊ ဆိုင်းခွဲ (၁၀၀) ကျော်ရှိပြီး မဲဆန္ဒရှင်ဦးရေ (၂၃၅၄၇၀) ဦးရှိကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)