ရွှေကူမြို့နယ်၌ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

ရွှေကူ စက်တင်ဘာ ၂၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငါးဘတ်ကြီးကျေးရွာအုပ်စု ကိုင်းရွာကျေးရွာ၌ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ကျေးရွာတာဝန်ခံဝန်ထမ်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၈၉ သိန်းကို ငွေတစ်ရာကျပ်လျှင် ပြား ၅၀ နှုန်း အတိုးနှုန်းလျှော့ချကာ ချေးငွေကာလ ၁၂ လဖြင့် စိုက်ပျိုးရေးလုပ်ငန်း ၃၂ ဦး၊ မွေးမြူရေးလုပ်ငန်း ၂၁ ဦး၊ စုစုပေါင်း ၅၃ ဦးကို ထုတ်ချေးပေးခဲ့ကြသည်။

ငါးဘတ်ကြီးကျေးရွာအုပ်စု ကိုင်းရွာကျေးရွာ၌ နိုင်ငံတော်မှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ငွေကျပ်သိန်း ၃၀၀ ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ မတည်ပေးပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါကျေးရွာမှာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ငွေကျပ်သိန်း ၇၀၀ ကျော်အထိ တိုးပွားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)