ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်များတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

နေပြည်တော် ၆  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ဇူလိုင်  ၅ ရက် နံနက် ၈ နာရီက မိုးရွာသွန်းပြီး ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကညင်ငူကျေးရွာ၌ နေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ဆိမ့်ကုန်းကျေးရွာ၌ နေအိမ် ၁ လုံးနှင့် မြို့နယ်သစ်တော ရုံးခန်း ၁ ခန်း သစ်ပင်ပိပျက်စီးပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

(သတင်းစဉ်)