ရေကြည်မြို့နယ် သမဝါယမအသင်းစုမှ စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်

ရေကြည်  ၃ နိုဝင်ဘာ

ယခုနှစ်မိုးရာသီတွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် မိုးစပါးများအား ရောင်းချရာတွင် တောင်သူများ အခက်အခဲမရှိစေရေးနှင့် အကျိုးစီးပွားမြင့်မားစေရေးတို့အတွက် သမဝါယမအသင်းများမှ စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် သမဝါယမအသင်းစုမှ စပါးဝယ်ယူရေးအတွက် ကွင်းသုံးဆင့်ကျေးရွာအုပ်စု ကုန်းတက်ကျေးရွာရှိ မြင့်မိုရ်မြင့် ဆန်စက်ဝင်းတွင်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ သိုလှောင်ရုံနှင့် ဇရပ်ဝိုင်းကျေးရွာတွင် လည်းကောင်း စပါးအဝယ်ဒိုင်ဖွင့်လှစ်၍ စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သမဝါယမဦးစီးဌာန