ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေပေးအပ်

ရေကြည်   ဇူလိုင် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်ပွဲ  ကိုယနေ့ နံနက် ၁၀ နာရီက စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် မြို့သူမြို့သားများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန်၊ မြို့နယ်တွင် အောက်စီဂျင် လုံလုံလောက်လောက် ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ရမည့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန်၊ မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ် အသီးသီးတို့ကိုလည်း ဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ ၃၄ ဌာနမှ လှူဒါန်း ငွေ ၃၁၇၀၀၀၀ ကျပ် ၊ ရပ်/ကျေး ၆၄ အုပ်စု မှ လှူဒါန်းငွေ ၄၆၃၆၄၅၀ ကျပ် ၊ လုပ်ငန်းရှင်များမှ လှူဒါန်းငွေ  ၄၅၀၀၀၀ ကျပ်၊ Mask ဖမ်းဆီးရငွေ  ၂၄၆၄၀၀ ကျပ် စုစုပေါင်း အလှူငွေ  ၈၅၀၂၈၅၀ ကျပ်ကို ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရရှိသော အလှုငွေများအားမြို့နယ်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့က လက်ခံပြီးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

         

အောင်သူဟန်  (ပြန်/ဆက်)