ရေကြည်မြို့ဆရာစံရပ်ကွက်ရှိ သုံးပါးကပ်ကျော် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော် မိုးကြိုးထိမှန်၍ အရံစေတီတော်သုံးဆူ မြေခပျက်စီး

ရေကြည်  ၂၀  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ ဆရာစံရပ်ကွက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော သုံးပါးကပ်ကျော် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော်တွင် ယနေ့နံနက်(၄)နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ ပင်မစေတီတော်အား မိုးကြိုးပွတ်ထိပြီး စနေထောင့် အထက်ပစ္စယံရှိ စေတီတစ်ဆူ၊ သောကြာထောင့် အထက်ပစ္စယံရှိစေတီတစ်ဆူနှင့် အင်္ဂါထောင့် အထက် ပစ္စယံရှိ စေတီတစ်ဆူ အပေါ်ရှိ ဘုရားရုပ်ပွားတော်များ မိုးကြိုးခပြီး ရင်ပြင်တော်၌ ပြုတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)