ရွှေကမ္ဘာလုံးဆုပေးပွဲကြီး ကျင်းပပြီးစီး

၈  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်အတွက် ပြုလုပ်တဲ့ ဟောလိဝုဒ်ရဲ့ အထင်ကရ အနုပညာထူးချွန်ဆုပေးပွဲ တစ်ပွဲကတော့ လတ်တလောမှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က လော့စ်အန်ဂျလိစ်မှာ ကျင်းပခဲ့ရာမှာတော့ ဟောလိဝုဒ်အနုပညာရပ်ဝန်းမှ နာမည်ကျော်တွေ များစွာတက်ရောက်ခဲ့တာတွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

 

ဒီနှစ်ဆုပေးပွဲမှာတော့ ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (ဟာသနဲ့ တေးဂီတရုပ်ရှင်)ကို မင်းသမီး အိုလီဗာကိုးလ်မန်းဒ်က “The Favourite” ရုပ်ရှင်နဲ့ရရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု (ဟာသနဲ့ တေးဂီတရုပ်ရှင်)ကို ခရစ်စတန် ဗေးလ်က “Vice” ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။ အကောင်းဆုံး ရုပ်သံဖန်တီးမှု ရုပ်ရှင်အဖြစ် “Spiderman: Into the Spiderverse”က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဒရမ်မာ ဆုကို “Bohemain Rhapsody”က ရရှိခဲ့ပါတယ်။

 

အေးပြည့်