ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

၁၃  ဒီဇင်ဘာ

 

နွေရာသီမှာရေအေးအေးလေးသောက်လိုက်ရတာကတော်တော်ကိုစိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကိုလျော့ကျသွားစေပါတယ်။ ဒါပမယ့်ရေခဲရေက ခန္ဓါကိုယ်ကို ဘယ်လောက် ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲ ဆိုတာကိုတော့တော်တော်များများက တွေးမိမယ်တောင် မထင်ပါဘူး။ ရေခဲရေကိုသောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာ ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေး ထိခိုက်နိုင်မှုကိုလျော့ချပေးနိုင်ပါတယ်။

 

ဒီတစ်ခေါက်မှာတော့ ရေခဲရေ ကြိုက်နှစ်သက်သူတွေအတွက် သတိထားဆင်ခြင်နိုင်စရာ အကြောင်းအရာ တွေကို လက်လှမ်းမီသမျှ စုစည်းမျှဝေပေးလိုက်ပါတယ်။

 

အဆီပိုတွေဖြစ်စေနိုင်ခြင်း

 

ကိုယ်အလေးချိန်ကျချင်ရင်ရေခဲရေသောက်ပေးပါ။ရေခဲရေက ခန္ဓါကိုယ်ကို လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်ရစေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတယ်ဆိုတဲ့ပြောကြားနေမှုဗတွက တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ ခန္ဓါကိုယ်ထဲမှာ အပူချိန်လျော့ကျသွားတဲ့အခါ အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

 

ဝမ်းချုပ်စေနိုင်ခြင်း

 

အခန်းအပူချိန်မှာ ထားရှိထားတဲ့ရေကိုသောက်သုံးပေးတာက အစာချေစနစ်ရဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြု တယ်ဆိုပေမယ့်ရေခဲရေကိုသောက်သုံးတာကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီးချေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့ ချေဖျက်လိုက်တဲ့ အစာတွေကို ရောက်ရှိသင့်တဲ့နေရာကိုရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ရေဓါတ်ဖြည့်တင်းမှုမှာ အဟန့်အတားဖြစ်စေနိုင်ခြင်း

 

ရေခဲရေသောက်လိုက်တဲ့ အခါ ခန္ဓါကိုယ်ရဲ့ရေဓါတ်စုပ်ယူမှုကို ပုံမှန်ထက်နှေးကွေးသွားစေပါတယ်။ ခန္ဓါကိုယ်ကရေခဲရေကို အပူချိန်တိုးလာအောင်အရင်လုပ်ဆောင်ပြီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ရေဓါတ်အဖြစ်ပြောင်းလဲ ရတာဖြစ်တာကြောင့်ဖြစ်ပါတယ်။ အပြေးသမားတွေအနေနဲ့ ရေခဲရေ သောက်တာမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်။ရေခဲရေက ခန္ဓါကိုယ်ရေဓါတ်ကိုထိန်းသိမ်းရာမှာ ပုံမှန်ထက် ပိုမိုနှေးကွေးစေနိုင်တာကြောင့် ခန္ဓါကိုယ်ရဲ့ရေဓါတ်ကို ချက်ချင်းမဖြည့်တင်းပေးနိုင်တဲ့ အခါ ဇီဝတွင်းလုပ်ငန်းစဉ်တွေနှေးကွေးသွားတာမျိုးခံစားရနိုင်ပါတယ်။

 

စွမ်းအင်ဆုတ်ယုတ်စေနိုင်ခြင်း

 

ရေခဲရေသောက်သုံးတာက လန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့် ဒါက ခဏတာပဲဖြစ်ပါတယ်။ ရေရှည်မှာတော့ အားအင်ကုန်ခမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ရေခဲရေသောက်ချလိုက်တဲ့ အခါ ခန္ဓါကိုယ်ကရေကို ပျမ်းမျှအနွေးဓါတ်ရရှိအောင်လုပ်ဆောင်ဖို့ ပုံမှန်ထက် စွမ်းအင်ကိုပိုသုံးလိုက်ရတာ ကြောင့် ခန္ဓကိုယ်ထဲမှာ အားအင်ဆုတ်ယုတ်သလို ခံစားလာရနိုင်ပါတယ်။

 

အစာချေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ခြင်း

 

ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊လေထတာနဲ့ မအီမသာ ဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ရေခဲရေရဲ့ အအေးဓါတ်ကရောင်ရမ်းမှုကို လျော့ပါး သက်သာ စေနိုင်ပါတယ်။ ရေခဲရေရဲ့နောက်ထပ်ဆိုးကျိုးတစ်ရပ်ကရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွား စေနိုင်တာပဲဖြစ်ပါတယ်။

 

နှလုံးခုန်နှုန်း နှေးစေနိုင်ခြင်း

 

ရေခဲရေသောက်တာက ရုတ်တရက် နှလုံးခုန်နှုန်းကျဆင်းတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေကို သောက်ချလိုက်တဲ့အခါ လည်ပင်းနောက်ဘက်ပိုင်းမှာရှိတဲ့ vagus nerve ကိုထိခိုက်တာမျိုးတွေဖြစ်ပေါ် စေနိုင်ပါတယ်။ရေခဲရေသောက်ချလိုက်တဲ့ အခါနှလုံးခ်ုနှုန်းကနှေးသွားပြီး ခန္ဓါကိုယ်ကနောက်တစ်ကြိမ် ပုံမှန်အပူချိန်ကိုပြန်မရောက်မချင်း နှလုံးခုန်နှုန်းမူမမှန်တာက ဆက်လက်ဖြစ်ပေါ်နေပါတယ်။

 

လည်ချောင်းနာခြင်း

 

အေးမြတဲ့ဆောင်းမနက်ခင်းက နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေကိုဖြစ်စေသလိုမျိုးရေခဲရေကလည်း ခန္ဓါကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓါကိုယ်က ချွဲတွေကို အေးမြတဲ့လေတွေနဲ့ အရည်တွေကိုချေဖျက်ရာမှာ အနွေးဓါတ်ရရှိစေဖို့အတွက် သဘာဝ အစိုဓါတ် ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါမှာတော့ ခန္ဓါကိုယ်ကို မလိုအပ်ဘဲ တုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကိုလေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်း နာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

 

ခေါင်းကိုက်စေနိုင်ခြင်း

 

ရေခဲမုန့်စားတဲ့အခါ အရမ်းအေးလွန်းတာကြောင့်ခေါင်းကိုက်တာကို ခံစားဖူးမယ်ထင်ပါတယ်။ ရေခဲရေကလည်း ရေခဲမုန့်လိုပဲ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ရေခဲရေရဲ့ အအေးဓါတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြ ပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။

 

ရေနွေးသောက်တာကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

 

အစားစားပြီးတဲ့အခါမှာရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန် အတိုင်းထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ရေနွေး (သို့) အခန်းအပူချိန်မှာ ထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြ ပေးလိုက်ပါတယ်။

 

အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီးရေဓါတ်တိုးစေနိုင်ခြင်း

 

သဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက် ကောင်းမွန်စေနိုင်ခြင်း

 

အစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာချေဖျက်စေနိုင်ခြင်း

 

အူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

 

သွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေ ထုတ်လွှတ်ပေးတဲ့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

 

ရေနွေး (သို့) အခန်းအပူချိန်မှာထားရှိထားတဲ့ရေကို သောက်သုံးပေးတာက အစာချေစနစ်ကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေမှာဖြစ်သလို အစားစားနေချိန်မှာရောအစာစားပြီးချိန်မှာပါ ခန္ဓါကိုယ်ကို နေထိုင်ရကောင်းမွန်နေစေမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်