ရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကျန်းမာရေးသုံးပစ္စည်းများ မန္တလေးအပြည်ပြည်ဆိုင်ရာ တံတားဦး လေဆိပ်သို့ ဆက်လက်ရောက်ရှိ

မန္တလေး  ၁  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အသုံးပြုရန် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော အထောက်အကူပြု ပစ္စည်းများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြင့် ဆက်လက်ရောက်ရှိသည်။

 

 123137429_3589481

 

အဆိုပါ အထောက်အကူပြုပစ္စည်းများ မန္တလေးအပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာတွင် နိုဝင်ဘာလ (၁)ရက်နေ့ ယနေ့နံနက် (၂ နာရီ ၁၅ မိနစ်)အချိန်၌ Myanmar national Airline လေကြောင်းဖြင့် Boots(၃၀၀၀)ခု (၁၅၀)ဖာ၊ KN-95 Mask(၆၁၀၈၀၀)ခု (၅၀၉) ဖာ၊ နံနက် ၄ နာရီအချိန်၌ Myanmar Airways International လေကြောင်းလိုင်းဖြင့် PPE Medical protective(၁၈၇၅၀)စုံပါ (၃၇၅)ဖာ၊ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် Myanmar National Airline လေကြောင်းလိုင်းဖြင့် Boots(၄၂၀၀) ခု(၂၁၀)ဖာ၊ PPE (၁၇၅၀၀)စုံပါ (၃၅၀)ဖာ၊ နံနက် ၁၀နာရီ၁၀မိနစ်အချိန်တွင် Myanmar Airways International လေကြောင်းလိုင်း ဖြင့် PPE(၂၃၈၅၀)စုံပါ (၄၇၇)ဖာ၊ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် Myanmar National Airline လေကြောင်းလိုင်းဖြင့် Boots (၈၈၀၀) ခု(၄၄၀)ဖာ၊ Boots Cover (၂၄၄၀၀)ခု (၁၂၂)ဖာ တို့အသီးသီး ရောက်ရှိခဲ့ကြသည်။

 

အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကျန်းမာရေးသုံးပစ္စည်းများကို အောက်တိုဘာလ(၂၄)ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ(၃)ရက်နေ့အထိ အခေါက်ရေ(၃၀)နီးပါး ရောက်ရှိမည်ဖြစ်ပြီး COVID-19 ကာကွယ်ရေးပစ္စည်းများ လက်ခံဖြန့်ဖြူးရေး ကော်မတီမှ လက်ခံသိမ်းဆည်းကာ လက်ရှိတွင် အဆိုပါပစ္စည်းများအား အောက်တိုဘာလ (၂၆)ရက်နေ့မှစတင်၍ အထက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် များသို့ ပြန်လည်ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

#MRTV

 

 123297222_358948169