ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခွင့်ရပြီ

၁၅ စက်တင်ဘာ

ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ်တွင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ နိုင်ငံရေးလှုပ်ရှားမှု လုပ်နိုင်ပြီလို့ ထိုင်းစစ်အစိုးရက သောကြာနေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်သစ် စုဆောင်းခြင်းအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေ ကို ၂၀၁၄ ခုနှစ်ကတည်း ပိတ်ပင်တားမြစ်ထား ခဲ့တာဖြစ်ပါတယ်။ 

အခုဆိုရင် ပါတီတွေကနေ သူတို့ရဲ့ ခေါင်းဆောင်တွေ ရွေးချယ်နိုင်ခြင်း၊ ပါတီဝင်သစ်စုဆောင်းခြင်း၊ ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း၊ ပါတီအစည်းအဝေးများ ကျင်းပနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး လှုံ့ဆော်မှုတွေ လုပ်မယ့်ရည်ရွယ်ချက်ဖြင့် လူ ၅ ဦးထက်ပိုတဲ့ လူစုလူဝေးပြုလုပ်ခြင်းကိုတော့ ဆက်လက် တားမြစ်ထားဆဲ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ 

MDN

ကိုးကား- AFP