ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဘရက်ဆစ်ကို ဆုံးခန်းတိုင်လုပ်ဆောင်မည်ဟု ဂျွန်ဆင်ပြော

လန်ဒန် ၁၄ ဒီဇင်ဘာ

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နိုင်ငံရေးအပြောင်းအလဲတစ်ခုအောင်မြင်စွာ လုပ်ဆောင်နိုင်တော့ မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၁၃ ရက်က ဖော်ပြလိုက်သည်။ ၎င်း၏ပါတီ အနိုင် ရပြီးနောက် ကာလကြာရှည်စွာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် အီးယူမှ ဇန်နဝါရီလတွင် ဗြိတိန် ထွက်ခွာရေးကိစ္စ (ဘရက်ဆစ်) သည် ရှင်းလင်းပြတ်သားစွာ အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီသည် အောက်လွှတ်တော်အမတ်နေရာ ၃၆၄ နေရာရရှိထားပြီး ယင်းပမာဏသည် ၁၉၈၀ ပြည့်လွန်နှစ်များက မာဂရက်သက်ချာရရှိခဲ့သော အမတ်နေရာပြီးနောက် အများဆုံးရရှိခဲ့သည့် ပမာဏဖြစ်သည်။

သုံးနှစ်ကျော်ကြားခဲ့သော ဘရက်ဆစ်ကိစ္စကို အဆုံးသတ်မည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ၎င်း၏ အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ အီးယူမှ ဗြိတိန်ထွက်ခွာရေးကို ဇန်နဝါရီ ၃၁ ရက်တွင် အပြီး တိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယခုတစ်ကြိမ် တွင် လေဘာပါတီအနေဖြင့် ဒုတိယကမ္ဘာစစ်မှစကာ အဆိုးရွားဆုံးရလဒ် ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လေဘာပါတီခေါင်းဆောင် ဂျရယ်မီ ကော်ပန်းအနေဖြင့် ၎င်းထွက်ခွာရန် တွန်းအားဖြစ်စေခဲ့သည်။

ဘောရစ်ဂျွန်ဆင်သည် ၎င်း၏ ကတိအတိုင်း ဗြိတိန်၏အနာဂတ်ကို မသေချာမှုများဖြစ်စေခဲ့သည့် ဘရက်ဆစ်အရေးကို ပြီးဆုံးအောင်လုပ်မည် ဟု ပြောခဲ့သည်။

အေအက်ဖ်ပီ