ရှေးဟောင်းသမိုင်းဝင် ရွှေစိုင်မြင်ဘုရားတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဆော  ၂ မတ်

ဂန့်ဂေါခရိုင်၊ ဆောမြို့ ရွှေစိုင်မြင်ဘုရားအတွင်းရှိ ရှေးဟောင်းစေတီတော်များတွင် သန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့က ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လုပ်အားဒါန ပြုခဲ့ကြသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ရွှေစိုင်မြင်ဘုရား ပရိဝဏ်အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စေတီပရိဝဏ်နှင့် စေတီပေါ်သို့ တွယ်ကပ်ပေါက်ရောက်နေသော ပေါင်းမြက်များရှင်းလင်းခြင်း၊ ဘုရားစေတီများ ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းနှင့် ရေဆေး၊ ထုံးသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။

 

ရွှေစိုင်မြင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၇ ရက်နှင့် ၈ ရက် (တပေါင်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့) တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)