ရှေးဟောင်း မွေတော်ကက္ကူဘုရား၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ

ကျောက်တလုံးကြီး ၁၃  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုရှိ ရှေးဟောင်း မွေတော်ကက္ကူဘုရားသို့ ယနေ့တွင် အပန်းဖြေခရီးထွက်သူများ၊ မိသားစု နေရပ်ပြန်သူများ၊ သီတင်းကျွတ်လပြည့်နေ့ ဘုရားသွား ကျောင်းတက်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ကျွန်မက သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက်ပိတ်တဲ့အတွက် မိဘဘိုးဘွားများကို ပြန်ကန်တော့ရင်း မိသားစုနဲ့အတူ ဘုရားဖူးခရီး ထွက်လာတာ ဖြစ်ပါတယ်၊ ညနေခင်းမှာတော့ ညောင်ရွှေမြို့ အင်းလေးကို သွားရောက်ဖူးမျှော်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ထမ်း ဒေါ်ချောသရဖီထွန်းမှ ပြောသည်။

 

ရပ်စောက်မြို့မှ မောင်ကျော်မြင့်ထွန်းမှလည်း အင်းလေးဖောင်တော်ဦးဘုရားနဲ့ ကက္ကူဘုရားတို့အပြင် ဟိုပုံးမြို့နယ် ထမ်းဆမ်းလှိုဏ်ဂူတော်သို့ သူငယ်ချင်းများနှင့်အတူ ဘုရားသွားရောက် ဖူး‌မြော်မည်ဖြစ်ကြောင်း"ရင်ဖွင့် ပြောကြားသွားသည်။

 

ရှေးဟောင်း မွေတော်ကက္ကူ ဘုရားသို့ လာရောက်ဖူးမျှော်ကြသူများ အနေဖြင့် ဘုရားပရိဝုဏ်အတွင်း လေ့လာဖူးမျှော်၍ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ ဒေသအသုံးအဆောင် ပစ္စည်းများဝယ်ခြင်း၊ ရိုးရာအစားအစာများကို အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ထက်ထက်(ဟိုပုံး)