ရွှေဂွန်းကျေးရွာတွင် “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကို အထကကျောင်း ရွှေပညာ့ရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦဌေးဝင်း၊ လက်ထောက်မြို့နယ်ဆရာဝန် ဒေါက်တာဝတ်ရည်သင်း၊ လူငယ်ပရဟိတအဖွဲ့မှ  ဒေါ်ဖြူစင်အိ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်း၊ ရဲအုပ်ကြည်တိုးတို့က မူးယစ်ဆေးဝါး၏ မူဝါဒ၊ ကျန်းမာရေးကဏ္ဍ၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေရေးရာ အဖြာဖြာ စသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။ 

 

အဆိုပါ အခမ်းအနားတွင် လူမှုရေးဝန်ကြီး၏ဇနီးက ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ် ၁၀ ဒါဇင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

ခင်စန်းမြင့်(ပြန်/ဆက်)