ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ မြန်မာ့ရွှေသမင်များ သောက်ရေပြတ်လပ်မှုမရှိစေရေး ရေဖြည့်တင်းမှုများဆောင်ရွက်

မင်းဘူး  ၁၀  မတ်

 

ပူပြင်းခြောက်သွေ့သော နွေဉီးကာလသို့ ရောက်ရှိလာသည့်အတွက် မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တောဧရိယာရှိ ရွှေသမင်များကျက်စားရာ နေရာများတွင် သောက်ရေပြတ်လပ်မှု မရှိစေရေး ရေဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ရွှေစက်တော် တောရိုင်းတိစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ကျွန်တော်တို့ ရွှေသမင်များကျက်စားရာ ရေကန်()ကန်ကို ရေဂါလန် ၁၂၀၀ ဆံ့ ရေသယ်ယာဉ်နဲ့ အခေါက်(၂၀) ဖြည့်ထားပါတယ်၊ ရေမပြတ်အောင် စီမံချက်တွေချထားပြီး ဆောင်ရွက်နေပါတယ်၊ ပွင့်ဖြူမြို့နယ်၊ တပ်မတော် ဝါစိုက်ပျိုးခင်းအနီးရှိ ရေပြာကန်၊ ဇီးပင်ကန်နှင့် သပိတ်ဆေးကန်ဆိုပြီး ရေကန်()ကန်တွင် မတ်လ ရက်၊ ရက် နေ့မှာလည်း ရေသယ်ယာဉ်နဲ့ ()ခေါက်ဖြည့်ပြီးပါပြီ၊ မတ်လ တတိယပတ်မှာလည်း ထပ်မံပြီး ()ခေါက် ဖြည့်သွားမှာပါ၊ ကျွန်တော်တို့ ဘေးမဲ့တောဧရိယာထဲမှာ မြန်မာ့ရွှေသမင်ကောင်ရေ ၁၅၀၀ လောက်ရှိပါတယ်၊ တစ်လကို နှစ်ကြိမ်နှုန်းနဲ့ ရေဖြည့်သွားမှာပါ၊ ဖေဖော်ဝါရီလမှ မေလ(မိုးဉီးကျရာသီ)အထိ ဌာနအစီအစဉ်ဖြင့် ရေရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေသမင်များကို ရေပြတ်ခံမှာမဟုတ်ပါကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန့်ကြားရေးမှူး ဉီးအောင်စိုးတင့်ထံမှ သိရသည်။

 

ရွှေစက်တော်ဘေးမဲ့တောတွင် ရေစုကန်များကို မုန်းချောင်းအတွင်းမှ ရေကိုသယ်၍ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)