ရေစကြိုမြို့နယ်တွင် မဲရုံတည်နေရာ လျာထားသတ်မှတ်ခြင်းအတွက် တွေ့ဆုံဆွေးနွေး

ရေစကြို   ၂၅  ဇွန် 

 

ရေစကြိုမြို့နယ်တွင် မဲရုံတည်နေရာ လျာထားသတ်မှတ်ခြင်းအတွက် ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရေစကြိုမြို့နယ်တာဝန်ခံ ဦးတင်ဌေးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၌ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်သည့်  ပုဂ္ဂိုလ်များက အဓိကအလေးထား ဆောင်ရွက်ကြရေးဆွေးနွေးခြင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရေစကြိုမြို့နယ်တာဝန်ခံ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက မဲရုံထားရှိသော တည်နေရာများ လုံခြုံမှုရှိစေရေးအတွက် ဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်က ရေစကြိုမြို့နယ်တွင် ရွေးကောက်ခံပါတီ (၁၁) ပါတီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ မြို့ပေါ် (၈) ရပ်ကွက်အပါအဝင် မဲရုံ (၂၃၅) ရုံ သတ်မှတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်မြတ်ဆုမွန်က ကျေးရွာအုပ်စု (၈၉) အုပ်စုရှိရာ မဲရုံ(၂၃၅)ရုံမှာ ကျေးရွာ အုပ်စုအလိုက် မဲရုံတည်နေရာများကို သတ်မှတ်ထားပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရေစကြိုမြို့နယ်တာဝန်ခံ ဦးတင်ဌေး၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ရေစကြိုမြို့နယ်တာဝန်ခံ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းနှင့်  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြတ်ဆုမွန်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

နွယ်နွယ်အောင်