ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများတူးဖော်

ရေကြည်   ၂၇  ဇွန်

ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့  နေဝင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေဝင်းရပ်ကွက်ရှိ အမှိုက်များပိတ်ဆို့နေသည့် ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးရာသီ
ကာလတွင် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စက်ယန္တရားများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)