ရွှေဘို၌ လမ်းဖြတ်ကူးသူအား ဆိုင်ကယ်တိုက်မိရာ သေဆုံး

ရွှေဘို    ၃၀     မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၂၉ ရက် ညပိုင်းက လမ်းဖြတ်ကူးသူအား ဆိုင်ကယ်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၈ နာရီခန့်က ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက် ကန်တော်လမ်းအတိုင်း မြောက်မှတောင်သို့ ဘိုလင်း မောင်းနှင်လာသော ဆိုင်ကယ်သည် အနောက်မှအရှေ့သို့ လမ်းဖြတ်ကူးသူ ဦးထွန်းနိုင်စိုးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဦးထွန်းနိုင်စိုးမှာ  ဒဏ်ရာများရရှိ သေဆုံးခဲ့ပြီး၊ ဆိုင်ကယ်မောင်းနှင်သူ ဘိုလင်း မှာလည်း (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)