ရောဂါတားဆီးကာကွယ်ရေးနှင့် နေ့စဉ်ပုံမှန်ဘဝများ ပြန်ရရေး

Coronavirus Disease 2019 (COVID-19) mozas 08:28 ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အသိပေးကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂ဝ၂ဝ ပြည့်နှစ် မေလ ၃၁ ရက် နေ့အထိ ရက်တိုးမြှင့် သတ်မှတ်လိုက်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အမိန့်အမှတ် ၅ဝ/၂ဝ၂ဝ အရ ရန်ကုန်တိုင်းဒေသကြီးမှ လေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်မြို့နယ်တို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်။ သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ခြောက်မြို့နယ်တွင်သာ Stay at Home အစီအစဉ် ကျန်ရှိတော့မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မိမိတို့နိုင်ငံအနေဖြင့် ဂရုတစိုက် ဆောင်ရွက်လျက်ရှိသည်ဟူ၍ နားလည်မိသည်။ တစ်ဖက်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြီးထွားမလာရေးအတွက် အားစိုက် ကြိုးပမ်းနေရသလို အခြားတစ်ဖက်တွင်လည်း တားဆီး ကန့်သတ် ပိတ်ဆို့ထားရသည့်နေရာဒေသများမှ ပြည်သူများ ပုံမှန်နေ့စဉ်ဘဝများအတိုင်း ပြန်လည်နေထိုင်နိုင်ရန် အခြေအနေ ပေးသည်နှင့်အမျှ ဖြေလျှော့ပေးခြင်းဖြင့် သတိကြီးကြီးထားကာ ချိန်ညှိဆောင်ရွက်ပေးနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် တားဆီး ကန့်သတ်မှုများ ပြုလုပ်ရာတွင် ပြည်သူများ၏ နေ့စဉ်ပုံမှန်ဘဝများ အတတ်နိုင်ဆုံး မထိခိုက်စေရေး၊ အခြေခံလူတန်းစားပြည်သူများ၏ စားဝတ်နေရေးတို့ကိုပါ ထည့်သွင်းစဉ်းစားပေးထားသည်။

ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဈေးများ၊ ဆိုင်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားပေးသလို ကုန်စည်စီးဆင်း မှုရပ်ဆိုင်းမသွားစေရန်အတွက်လည်း ယာဉ်အသွားအလာများကို ခွင့်ပြုပေးထားသည်။ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ တွင် ဝိုင်းထိုင်၍ စားသုံးခွင့်မရသော်လည်း ပါဆယ်ဝယ်ယူ၍ စားသုံးနိုင်ကြသည်။ အခြေခံစားကုန်များနှင့် ဆေးဝါးများ ဈေးကွက်ထဲတွင် ပြတ်လပ်သွားခြင်းမရှိဘဲ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြသည်။ ထို့အပြင် သင်္ကြန်ကာလအပြီး ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာလ ကျရောက်ကာ ပိတ်ထားရသည့် စက်ရုံအလုပ်ရုံများ၊ ကူးစက်ရောဂါ ကာကွယ် တားဆီးရေး အစီအမံများနှင့် မညီညွတ်ဘဲလည်ပတ်နေ သည့် စက်ရုံအလုပ်ရုံများကို ရောဂါကာကွယ်ရေး အစီအစဉ်များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မိမိတို့နိုင်ငံထက် စောစွာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားခဲ့သည့် နိုင်ငံအချို့တွင် ကူးစက်မှု ဒုတိယလှိုင်းဟူသော ဖြစ်စဉ်ဖြစ်ပေါ်လာကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ရောဂါ ကူးစက်မှု ရပ်ဆိုင်းသွားပြီး ပျောက်ကင်းသွားပြီဟု ယူဆထားသည့် မြို့များ၊ ဒေသများတွင် ရောဂါကူးစက်ဖြစ်ပွားမှုများ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အချို့က ပြည်ပမှ ဝင်လာသူများထံမှ ရောဂါပိုးမွှားပါလာကာ ပြန်လည်ကူးစက်ခြင်းဖြစ်ပြီး အချို့က ဒေသတွင်း ပြန်လည်ကူးစက် ပေါ်ထွက်လာခြင်းဖြစ်သည်။

မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်မှုကို ဆက်လက်တားဆီးထားသော်လည်း ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းပြေးဆွဲခေါ်ဆောင်နေသလို နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်ခွင့်လည်းပြုထားရာ ဆက်လက် စောင့်ကြည့်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ အသွားအလာကန့်သတ် တားဆီးမှုများ ကာလအတိုင်းအတာဖြင့် ပြုလုပ်ရခြင်း၊ ပုံမှန်လက်ဆေး၊ နှာခေါင်းစည်းတပ်ဆင်၊ ခပ်ခွာခွာနေကြရခြင်းတို့မှာ ပြည်သူတစ်ဦးချင်းစီအတွက်၊ မိသားစုများအတွက်၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူအားလုံးအတွက် ဖြစ်သည်ကို သိနားလည်ကြခြင်းဖြင့် ကိုဗစ်-၁၉ကာကွယ်ရေးတွင် ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်သာ ပါဝင်နိုင်ကြပါစေကြောင်း။

ာူ