ရွာသစ်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့်  သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

mdn

ရွာသစ်၊ ဩဂုတ် ၅ 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ သတ်မှတ် ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ရွာသစ် တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  ဘောလခဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရွာသစ်မြို့ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြပြီး အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများ စသည်များကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွာသစ် ၊ ပြန်ဆက်