ရှာရွတ်ခမ်းရဲ့ သားကို မွမ်ဘိုင်းတရားရုံးက အာမခံပေး

အောက်တိုဘာ  ၃၀

ဘောလိဝုဒ်ရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်သူ ရှာရွတ်ခမ်းရဲ့သား အာယန်ခမ်းဟာ မကြာသေးမီက မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လက်ရှိမှာ သူ့ကို မွမ်ဘိုင်းတရားရုံးက အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်မှာ အိန္ဒိယတရားရုံးက အာယန်ခမ်းကို အာမခံပေးခဲ့တာပါ။ အာယန်ခမ်းဟာ မူးယစ်ဆေးဝါး အမှုတစ်ခုအတွင်း ပါဝင်ပတ်သက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရက်သတ္တသုံးပတ်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုလို အာမခံရရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမှုကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေရဲ့ ပြောကြားချက်အရ အာယန်ခမ်းဟာ သောကြာ ဒါမှမဟုတ် စနေနေ့မှာ ထောင်ကနေလွတ်မှာဖြစ်ပြီး သူနဲ့အတူ ထိန်းသိမ်းခံထားရသူသုံးဦးစလုံး လွတ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာယန်ခမ်းဟာ ရှာရွတ်ခမ်းရဲ့ အကြီးဆုံးသားဖြစ်ပြီး အောက်တိုဘာ ၂ ရက်က ဖမ်းဆီးခံခဲ့ရတာပါ။ မွမ်ဘိုင်းကမ်းရိုးတမ်းတစ်လျှောက် မောင်းနှင်နေတဲ့ သင်္ဘောတစ်စင်းကို ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးတွေ ရှာဖွေတွေ့ရှိခဲ့တာကြောင့် အာယန်ခမ်းနဲ့အတူ အခြားသောသူတွေလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အေးပြည့်