ရာဖေးလ်နာဒယ် ဒဏ်ရာပြဿနာကြောင့် အနားယူရမည်

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်ဟာ နံရိုးဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် သီတင်းပတ် လေးပတ်ကနေ ခြောက်ပတ်ကြာအထိ အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။  ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ အင်ဒီယန်ဝဲလ်တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ကာလို့စ်အယ်ကာရက်ဇ်ကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲမှာတော့ တေလာဖရစ်ဇ် ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂရန်းဆလမ်းချန်ပီယံဆုဖလားကို ၂၁ ကြိမ်အထိ ရယူဆွတ်ခူးထားနိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ် ဟာ ဒဏ်ရာပြဿနာကြောင့် လာမယ့်လအတွင်း ကျင်းပမယ့် မွန်တီကာလိုနဲ့ ဘာစီလိုနာအိုးပင်း တင်းနစ် ပြိုင်ပွဲတွေမှာ လွဲချော်ရဖို့ရှိနေတဲ့အပြင် မေ ၂၂ ရက်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲနဲ့လည်း လွဲချော်ရဖို့ရှိနေတာဖြစ်ပါတယ်။

ငွေကြယ်