ရာဖာ၌ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံး

ဂါဇာ၊ ဧပြီ ၂၉

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာ၌ ဧပြီ ၂၈ ရက်က လူနေအဆောက်အအုံ သုံးလုံးအပေါ် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သဖြင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံးကြောင်း ပါလက်စတိုင်းတရားဝင် သတင်းအေဂျင်စီဖြစ်သည့် ဝါဖာက ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။ သေဆုံးသူများထဲတွင် ကလေးများနှင့် အမျိုးသမီးများပါဝင်ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားသည်။

အခြားလူအများအပြားမှာ အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့အားကယ်ဆယ်ရန် အရပ်ဘက် ကာကွယ်ရေး အမှုထမ်းများက လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက မှုမှာ ကိုင်ရို၌ ဟားမားစ်ခေါင်းဆောင်များနှင့် အီဂျစ်ဖျန်ဖြေရေးအဖွဲ့များ အကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ်များမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟားမားစ် ကိုယ်စားလှယ် အဖွဲ့သည် တနင်္လာနေ့တွင် ကိုင်ရိုသို့သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၆ ဦး သေဆုံးပြီး အခြား ၁၃၈ ဦးဒဏ်ရာ ရရှိကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခစတင် ဖြစ်ပွားသည့်အချိန်မှစကာ ပါလက် စတိုင်း သေဆုံးသူပေါင်း ၃၄၄၈၈ ဦးနှင့် ဒဏ်ရာရရှိသူ ၇၇၆၄၃ ဦး ရှိလာပြီဖြစ်ကြောင်း ဟားမားစ် ကျန်းမာရေးဝန်ကြီးဌာနက ပြော ကြားသည်။

ဆင်ဟွာ