ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိ  

ရွာငံ  ဇူလိုင်  ၁၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ဇူလိုင် ၁၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် မျှားကလေးကျေးရွာမှ အမျိုးသမီး တစ်ဦး၊ ကျောက်မြောင်းကျေးရွာမှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး၊ လယ်ကိုင်းကျေးရွာမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ မြို့ကြီးကျေးရွာမှ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ တောင်ခေါင်းပွာ ကျေးရွာမှ အမျိုးသမီး တစ်ဦး၊ ကျောက္ကူပြင်ကျေးရွာမှ အမျိုးသား တစ်ဦး၊ အန္တဇိနမျက်စိဆေးရုံမှ သံဃာ တစ်ပါး၊  မြို့မရဲစခန်းမှ အကျဉ်းသား အမျိုးသား တစ်ဦးတို့ဖြစ်သည်။

 

ရွာငံမြို့နယ်တွင် ဇွန် ၂၂ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၄၉ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၁၇ ရက်အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၉ ဦးရှိပြီဖြစ်ရာ ကျန်ရှိနေသော အတည်ပြုလူနာများကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၊ အိုးအိမ် Quarantine Centreနှင့် ခမရ(၁၁၇) ဟဲဟိုးတို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း  အသွားအလာ ကန့်သတ်စောင့်ကြည့်ရာနေရာများတွင်  ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ပြည့်ဖြိုးသန့်(ရွာငံ)