R&A Level-1 Rules Seminar 2019 ကို တောင်ကြီးမြို့၌ ဖွင့်လှစ်မည်

၁၂  သြဂုတ်


မြန်မာနိုင်ငံဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နှင့် R&A တို့ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019) ၏ တောင်ကြီးသင်တန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁) ရက်တွင် တောင်ကြီးမြို့ရှိ တောင်ကြီးဂေါက်ကလပ်၌ ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ဂေါက်သီးအားကစား စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်လိုသူများသည် သြဂုတ်လ ၂၅ ရက် နောက်ဆုံးထား၍ ဦးထွန်းကျော် ဖုန်းနံပါတ် ဝ၉ ၅၁၉၃၄၂၃နှင့် ဦးဝင်းဇော် ဝ၉ ၂၅၄၂၂၅၀၇၀ တို့သို့ စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့်  သင်တန်းသားဦး ရေ ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ဖိုးသော်ဇင်