Quarantine ထားရှိသည့်  ကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနသို့ပြန်လည်အပ်နှံ

ဖလမ်း       ၁၁    ဇွန်  

 

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြည်တွင်း ပြည်ပမှ ပြန်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Quarantine ထားရှိသည့် ကျောင်းများအား ဇွန် ၁၁ ရက် နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနသို့ ပြန်လည်အပ်နှံခဲ့သည်။

 

ဖလမ်းမြို့အတွင်း Quarantine ထားရှိသည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းများကို ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်ဆေးဖျန်းပေးပြီး စေတနာ့ဝန်ထမ်းများက အခန်းအတွင်း အပြင်အား သန့်ရှင်းရေးပြုလုပ်ပေးသည်။

 

ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ထားရှိသည့် ပြည်ပမှပြန်လာသူ (၁၂)ဦးကို လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ လည်းကောင်း၊ နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ထားရှိသည့် ပြည်တွင်းမှ ပြန်လာသူ (၁)ဦးကို သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမဆောင်၌ လည်းကောင်း အသွားအလာ ဆက်လက်ကန့်သတ်စောင့်ကြည့်ကြောင်းနှင့် အဆိုပါ ကျောင်းများအား သက်ဆိုင်ရာဌာနသို့ ပြန်လည်အပ်နှံခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

 ခရိုင် ပြန်/ဆက်