ပူတာအိုမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် မိဘအသိပညာပေးသင်တန်းကျင်းပ

ပူတာအို  ၂၀ စက်တင်ဘာ  

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်ကာကွယ်စောင့်ရှာက်ရေးနှင့် မိဘအသိပညာပေးသင်တန်းကို စက်တင်ဘာ(၁၉)ရက်နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ပူတာအိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းဆိုင်ရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးရာ အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားတွင် ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ CSOအဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုး/ပုဂ္ဂလိကမူကြိုကျောင်းဆရာဆရာမများနှင့် ဘာသာရေးကျောင်း/ပရဟိတကျောင်းမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များစုစုပေါင်း၁၂၀ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆန်းညွန့်(ပူတာအို)