ပူတာအိုမြို့နယ် မကတ်မုံ(၁) ကျေးရွာ၌ သတင်းပြန်ကြားဆက်သွယ်ရေးမှတ်တမ်း ဓါတ်ပုံပြပွဲ ကျင်းပ

ပူတာအို  ၃၁  အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မကတ်မုံ(၁)ကျေးရွာတွင်     လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) သတင်းပြန်ကြားဆက် သွယ်ရေးမှတ်တမ်းဓါတ်ပုံများပြပွဲကို အောက်တိုဘာ (၃၀)ရက် နံနက်(၉)နာရီက အဆိုပါ ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။

 

ယင်းပြပွဲတွင်      သတင်းပြန် ကြား‌ဆက်သွယ်ရေးတာဝန်ခံ ဦး မောင်မောင်ချစ်နှင့်လူထုစည်းရုံး ရေးမှူး ငွါးနီယို တို့က ပြပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်ပြပွဲတွင်ပြုလုပ်ရမည့်အကြောင်း အရာများအား မြန်မာ ဘာသာနှင့်လီဆူဘာသာစကားဖြင့်ရှင်းလင်းပြောကြားပြီး          ပြပွဲသို့ တက်ရောက် လာသူများအား ပြပွဲနှင့် ပတ်သက်၍ မဲနှိုက် မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ကာ   မေးခွန်းများ‌ဖြေကြားနိုင်သူများအား စီမံကိန်းအမှတ်တရလက် ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ပြပွဲတွင် ပူတာအိုမြို့နယ် လူထုဗဟိုပြု စီမံကိန်းတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းမှတ်တမ်းဓါတ်ပုံများ၊ စီမံကိန်းစက်ဝန်းပိုစတာ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုပိုစတာ၊   ဝေဖန်အကြံပြု တိုင်ကြားနိုင်သော အစီအစဉ်များ ပိုစတာများ၊ ဝယ်ယူရေး လုပ်ငန်းပိုစတာ၊   တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် လိုက်နာရမည့် အထွေထွေ စည်းကမ်းချက်များ၊ ဆောင်ရန် ရှောင်ရန်ကျင့်ဝတ်များ ပိုစတာ၊မှား မှန် ပိုစတာ ၊ကျား မ ရေးရာ ပိုစတာများကို မြန်မာ ဘာ သာအပြင် ရဝမ်၊လီဆူ၊ဂျိမ်းဖော ဘာသာများဖြင့်ပြသပေးလျက်ရှိ ရာ          မက‌တ်မုံကျေးရွာအုပ်စု အတွင်း ရှိကျေးရွာခြောက်ရွာမှ      ကျေးရွာလူထုနှင့် ကော်မတီဝင်များ၊ ကျေးရွာတာဝန်ခံများ၊ ဓမ္မဆရာများ နှင့် ရဝမ် လီဆူ ဂျိမ်း ဖော ယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း (၁၀ဝ)ကျော် တက်ရောက်လေ့လာခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ဖုန်ကန်(ပူတာအို)