ပူတာအိုခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင် တန်းဖွင့်လှစ်

ပူတာအို  ၁၅  ဇန်နဝါရီ 

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင်  ပူတာအိုခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ International Institute For Democracy and Electoral Assistance(IDEA)   ၏ကူညီပံ့ပိုး မှုဖြင့် ဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီ (၁၅) ရက် နံနက် (၉) နာရီတွင် ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

 

8

 

သင်တန်းဖွင့်ပွဲတွင်  ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ပူတာအိုခရိုင်တာဝန်ခံ ဦးဒိန်ယောင်ဇော်အိန်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထမ်းတန်ဖီရမ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ခရိုင်ရွေးကောက်ပွဲ အရာရှိ ဒေါ်အိအိဖြိုးက     ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားသည်။

 

693

 

သင်တန်းတွင် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်တို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊  ဥပဒေနည်းဥပဒေများ၊ လုပ် ငန်းလမ်းညွှန်များ၊ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များအား မဲရုံသရုပ်ပြလုပ်ဆောင်ချက်များနှင့်အတူ သင်ရိုး (၁၀)ခုကို ဇန်နဝါရီ(၁၅)ရက်မှ(၁၆)ရက်နေ့ အထိနှစ်ရက်တာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ချက်ဖြစ်သော လွတ်လပ်မှု၊  တရားမျှတမှု၊ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်းဖြစ်စေရေးနှင့် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး  သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ် ငါးမြို့နယ်မှ  သင်တန်းသား (၃၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)