ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့နယ်လှည့် ဆေးကုသမှုများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့နယ်လှည့် ဆေးဝါးကုသမှုများကို ယနေ့ ညနေ ၄ နာရီမှစတင်၍ ကုသပေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ဆေးဝါးကုသရာတွင် ဆေးပညာအထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကု၊ ခွဲစိတ် အထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးနှင့်ထိခိုက်ဒဏ်ရာအထူးကု၊ အထွေထွေရောဂါ အထူးကု သမားတော်ကြီးများက လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

 

ကွင်းဆင်းဆောင်ရွက်မှုများကို ဆွမ်ပရာဘွမ်မြို့နှင့် ပူတာအိုမြို့များတွင် ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ မချမ်းဘောမြို့၊ နောင်မွန်မြို့နှင့် ပန်နန်းဒင်မြို့များသို့လည်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါနယ်လှည့် ဆေးဝါးကုသနေမှုများကို ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စိုး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက် (ပူတာအို)