ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် GRADE 2 သင်ရိုးသစ်(စကောနှင့်ပိုး) ကရင်ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

ပုသိမ်  ၁၈  ဇူလိုင်
 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့နယ်  မရမ်းချောင်းကျေးရွာ ဘာရာသာရ်များ သင်တန်းကျောင်း ကက်သလစ်သာသနာခန်းမ၌  ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ပြုလုပ်ကျင်းပသော သင်တန်းအမှတ်စဉ်(၂/၂၀၂၀) GRADE .2 သင်ရိုးသစ် (စကောနှင့်ပိုး) ကရင်ဆရာဖြစ်သင်တန်းဆင်းပွဲကို ကျင်းပသည်။ 

ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဖူဒေးဗစ် ၊ ဥက္ကဋ္ဌ မန်အိုင်ခလိန် ၊ မြောင်းမြမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းသိန်းကျော်နှင့် အဖွဲ့ဝင်များ ၊ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင်  ကရင်စာပေနှင့်ယဉ်ကျးမှုကော်မတီ ဥက္ကဋ္ဌ မန်အိုင်ခလိန်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီးနောက် ပန်းတနော်ကျောင်းတိုက်ဆရာတော် မန်နဲနန္ဒစာရက သြဝါဒစကား မြွက်ကြားပြီး ဒေါက်တာမန်းဝင်းမောင်က အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ကရင်စာပေသင်ရိုးသစ်စာပြုစုပို့ချ နည်းပြဆရာမ ဒေါ်နော်ဆာရှီးက ကရင်စာပေပြုစု နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရသည့်လုပ်ငန်းစဉ်များနှင့် စာပေးအပေါ် သုံးသပ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းတက်ရောက်လာသော စကောနှင့် ပိုးကရင်သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးတို့က ကျေးဇူတင်စကားပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက သင်တန်းဆင်းလတ်မှတ်ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများက လက်ခံရယူပြီး   ကရင်စာပေနှင့်   ယဉ်ကျေးမှုကော်မတီနာယက   ဖူဒေးဗစ်တို့က  အမှာစကားများပြောကြားကာ ကရင်အမျိုးသားသီချင်းသီဆိုကာ သင်တန်းဆင်းပွဲကိုရုတ်သိမ်းခဲ့​သည်။

သင်တန်းသို့ မြို့နယ် ၂၆ ခုမှ သင်တန်းသားသင်တန်းသူ ၆၀ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

မြင့်ဟန်