ပုသိမ်ကြီးမြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၉   နိုဝင်ဘာ 

မူးယစ်တပ်ဖွဲ့(၁၇)မန္တလေး(မြောက်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေး စခန်းတွင် AD Van အမျိုးအစားခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မအေးအုပ်နှင့် မနန်းဟွမ်ခမ်း(ခ)ယွန်းရတီဦးတို့ထံမှ ငွေကျပ်သိန်း ၃၀၆၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၆၁,၂၀ဝ ၊ မြန်မာငွေကျပ် ၁၁၈,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ဝမ်ဟွန်းကျေးရွာနှင့် ဝမ်ဖြတ်ကျေးရွာကြားလမ်းမပေါ်တွင် အမျိုးသမီး ၂ ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းတို့ ၂ ဦး သယ်ဆောင်လာသည့် ဆာလာအိတ်အား ပစ်ချထွက်ပြေး သွားခဲ့၍ ၎င်းအိတ်ကိုဖွင့်ဖောက်ရှာဖွေရာ ၎င်းအိတ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,ဝ၀ဝ  သိမ်းဆည်း ရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

MDN