ပုသိမ် ၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၊ အကျဉ်း ဦးစီးဌာန ၊ ပုသိမ်အကျဉ်းထောင်အတွင်းခန်းမကြီး၌ ကျင့် ၄၉၄ (က)အရ ရာဇသတ်ကြီပုဒ်မ ၅၀၅ - က အမှုနှင့် သဘာဝေဘး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုထားရှိသော အကျဉ်းထောင်အချုပ်သား/သူ များအား ဝန်ခံချက်ဖြင့် ယမန်နေ့ ညနေပိုင်းက လွှတ်ပေးခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူး ကြီးကျော်စွာလှိုင် ၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၊ အကျဉ်းထောင်ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်နှင့် တာဝန်ရှိ သူများ ၊ ပြန်လည်စေလွှတ်ပေးမည့် အကျဉ်းသား/သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူးကြီးကျော်စွာလှိုင် က အကျဉ်းသား/သူ များကို ဆုံးမသြဝါဒပြောကြားရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားစွဲဆိုခံခဲ့ရသူများအနေဖြင့် ပြီးခဲ့သည့်ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအား တာဝန်ရှိသူများကခွင့်လွှတ်နားလည်ပေးပြီး ခံဝန်ချက်ရေးထိုးစေကာ ပြန်လည်စေလွှတ်မည်ဖြစ်သည့်အတွက် အများပြည်သူအသက်အန္တရာယ် ထိခိုက်ပျက်စီးစေသည့်ပြုလုပ်မှုများ ၊ ပါဝင်ပတ်သက်မှုများမရှိစေရေး ၊မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင်သွားရန်နှင့် တာဝန်ရှိသူများနှင့်အတူ နိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားရန်တို့ကို မှာကြားခဲ့သည်။
၎င်းနောက် ပုသိမ်အကျဉ်းထောင်မှ ကျင့် ၄၉၄ (က )အရ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အမှုနှင့်သ
ဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့်တရားစွဲဆိုထားသော ပုသိမ်ခရိုင်အတွင်း ပုသိမ် ၊ ရေကြည် ၊ ကျောင်းကုန်း ၊ကန်ကြီးထောင့် ၊ ငပုတော နှင့် ကျုံပျော်မြို့နယ်များမှတရားစွဲဆိုခံထားရသူ ကျား ၆၆ ဦး၊မ ၁၀ ဦးတို့ကိုခံဝန်ချက်များဖြင့်လွှတ်ပေးရာသက်ဆိုင်ရာမြို့နယ်ရဲတပ် ဖွဲ့ဝင်များက လာရောက်ကြိုဆိုခေါ်ဆောင် ခဲ့ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့်


