ပုဏ္ဏားကျွန်းမြို့နယ်ရှိ  ဦးရာဇ်တောင် ဘုရားဂေါပကရုံးခန်းရှိ အလှူခံပုံး ဖောက်ထွင်းခံရ

ပုဏ္ဏားကျွန်း ၁၀ မေ 


စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တောင်ဘုရား စေတီတော် ဂေါပကရုံးခန်းတွင် ထားရှိသော အလှူခံပုံးကို မေ ၉ ရက် ညပိုင်းက ဖောက်ထွင်းခံရကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။


" မနက်ပိုင်း ဘုရားရုံးခန်းကိုရောက်မှ သိရပါတယ်။ ဘုရားဖူးဧည့်သည်တွေဆီက အလှူခံရရှိထားတဲ့ အလှူခံမှန်ပုံးကိုခတ်ထားတဲ့ သော့ကိုဖျက်ပြီး  ပိုက်ဆံတချို့ကို ယူသွားတာပါ။  ပြတင်းပေါက်ကိုဖျက်ပြီး ဂေါပကရုံးခန်းထဲကိုဝင်တာဖြစ်ပြီး ပိုက်ဆံက လွဲလို့ အခြားအရာတွေ ပါမသွားပါဘူး"ဟု ဦးရာဇ်တောင်စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးမောင်ကျော်ဦးက ပြောသည်။


ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကို အကြောင်းကြားကာ လာရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲပြီး CCTV မှတ်တမ်းများနှင့်တိုက်ဆိုင်စစ်ဆေးပြီး အမူမှန် ပေါ်ပေါက်ရေးအတွတ် ဆောင်ရွက်နေကြောင်း ဂေါပကလူကြီးများထံမှ သိရသည်။
                   

နီထွန်းအောင်( ပြန်/ဆက်)

 

1