ပုလဲမြို့နယ်တွင် တရားမဝင်သစ်မျိုးစုံ  ၁၁ တန်ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ပုလဲ ၁၁  ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်းများကို ဖမ်းဆီးအရေးယူလျက်ရှိရာ ဇွန် ၈ ရက်နှင့် ၁၀ ရက်တို့တွင် တရားမဝင် သစ်မျိုးစုံ  ၁၁ တန်ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

 

1

 


ဖြစ်စဉ်မှာ ခရိုင်စစ်ကြောင်းအဖွဲ့မှ  တောအုပ်လှထူးနှင့်  ဝန်ထမ်းများ၊ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်မှ တောအုပ်အောင်နိုင်စိုး၊ သစ်တောရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်သူရအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနိုင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် နံနက် ၄ နာရီခွဲက ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ လက်ယာမြောင်းဘောင်တွင် ရပ်တန့်ထားသော အဖြူရောင် ၆ဘီး မော်တော်ယာဉ် (ယာဉ်အမှတ်မပါ) ပေါ်သို့ သတင်းအရ တက်ရောက်ရှာဖွေရာ တရားမဝင် ပိတောက်သစ်ဒေါင့်တုံး ဆိုဒ်စုံ ၂၅ တုံး (၃ဒသမ၆၅၅၀) တန်ကို ပိုင်ရှင်မဲ့တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ပြီး  အဆိုပါ မော်တော်ယာဉ်နှင့် တရားမဝင်သစ်များကို ပုလဲမြို့နယ်သစ်တောဦးစီးဌာနတွင် ထိန်းသိမ်းထားရှိခဲ့သည်။
        
        
အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်းအဖွဲ့မှ တောအုပ်စောဦးနှင့် ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ တပ်ကြပ်ကောင်းမြတ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လဲကန်ရဲစခန်းမှ တပ်ကြပ်သိန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လက်ပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ လက်ပန်ကျေးရွာ၏ အရှေ့တောင်ဘက် (၂) မိုင်ခန့်အကွာ ဖက်စည်းတောင်တောတိုက်သို့ ဇွန်  ၈ ရက်၊ နံနက် ၁၀ နာရီက သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင် ပျဉ်းကတိုးသစ် ၂၆ တုံး( ၂ ဒသမ ၇၃၄၆) တန်၊ သစ်ရာသစ် ၁ တုံး (ဝ ဒသမ ၁၃၅၀) တန်၊  လင်းရှောသစ်  ၂ တုံး (ဝ ဒသမ ၂၈၁၂) တန်၊ ထောက်ကြန့်သစ် ၅၁ ချောင်း (၂ ဒသမ ၉၂၇၀) တန်ကို ပိုင်ရှင်မဲ့ တွေ့ရှိ၍  သိမ်းဆည်းခဲ့ပြီး  သတင်းအရ ဆက်လက်၍ ရှာဖွေရာ ပထမ တွေ့ရှိခဲ့သည့် နေရာ၏ အနောက်ဘက် (၂) ဖာလုံခန့်အကွာတွင်   တရားမဝင်   သပြေသစ် ၆ တုံး (ဝ ဒသမ၃၄၆၄) တန်၊ လင်းရှောသစ် ၆ တုံး (ဝ ဒသမ ၁၂၀ဝ) တန်၊ ထောက်ကြန့်သစ် ၈ တုံး( ဝ ဒသမ၇၃၃၆) တန်၊ အင်သစ် ၂တုံး (ဝ ဒသမ ၃၇၅၆) တန်နှင့် အင်သစ် ၅၀ ချောင်း ( ဝ ဒသမ ၂၆၀၆ ) တန်ကို ပိုင်ရှင်မဲ့တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိည့် တရားမဝင် သစ်မျိုးစုံ ၇၂ ချောင်း( ၇ ဒသမ ၉၁၄၀)တန်ကို ပုလဲမြို့နယ်၊  ၅၉ မိုင် သစ်တောဘိနယ်စခန်းသို့ သယ်ဆောင်၍  ထိန်းသိမ်းထားရှိခဲ့ကြောင်းနှင့် တရားမဝင်သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းလျက်ရှိကြောင်း  မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး သိရှိရသည်။


မြို့နယ်ပြန်/ဆက်