ပုလဲမြို့နယ်တွင် တရားမဝင် ပိတောက်သစ် ၇၂ တုံး သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ဖမ်းမိ 

ပုလဲ  ၂၂  ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ဇူလိုင် ၂၁ ရက်က တရားမဝင် ပိတောက်သစ် ၇၂ တုံး သယော်င်လာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီက ဦးနှောက်ကျေးရွာအနီး မိုင်တိုင်အမှတ် (၃၈/၃)တွင် သတင်းအရ ပုလဲ-ဂန့်ဂေါ ကားလမ်းအတိုင်း ယာဉ်မောင်း ထွန်းနိုင် (ဘ) ဦးနိုးတူး မောင်းနှင်လာသော ယာဉ်အမှတ် MDY 4B ----- ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဘိလပ်မြေအိတ်များနှင့် ပိုက်လုံးများဖုံးအုပ်၍ သယ်ဆောင်လာသော တရားမဝင်  ပိတောက်သစ် ဒေါင့်တုံး ဆိုဒ်စုံ ၇၂ တုံး (၄ ဒသမ ၆၆၀၄) တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသော ပိတောက်သစ် ၇၂ တုံး (၄ ဒသမ ၆၆၀၄)တန်ကို ပုလဲမြို့နယ် သစ်တောဦးစီးဌာနသို့ သယ်ဆောင်၍ ထိန်းသိမ်းထားရှိပြီး ယာဉ်မောင်း ထွန်းနိုင်အား ပုလဲမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။


မြင့်သိန်းစိုး(ပြန်/ဆက်)