ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းဧက(၁၀ဝ)မှ ထွက်ရှိသော သစ်တောထွက်ပစ္စည်း(ထင်း) ၅ ဒသမ ၂ တန်အား ကျေးရွာနေပြည်သူများ အသုံးပြုနိုင်ရန်  လွှဲပြောင်းပေးအပ်

ပုလဲ   ၃၀   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဝမ်းဘဲချိုင့်ကျေးရွာ၊ လဲကန်ကြိုးဝိုင်း အမှတ်(၂၆)၌ အောက်တိုဘာ ၂၉ရက်၊ မွန်းလွဲ ၂နာရီက (၅)နှစ်သားအထက် ကျေးရွာသုံး ထင်းစိုက်ခင်း(၁၀ဝ) ဧကမှ    ထွက်ရှိသော    သစ်တောထွက်ပစ္စည်း  ( ထင်း )  ၅  ဒသမ ၂  တန်အား    ကျေးရွာနေ  ပြည်သူများ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလင်းအောင်ရွှေနှင့် ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်တို့က ( ၅ )နှစ်သားအထက် ကျေးရွာသုံးထင်းစိုက်ခင်းဧက ( ၁၀ဝ ) မှ ထွက်ရှိသော သစ်တောထွက်ပစ္စည်း( ထင်း )  ၅ ဒသမ  ၂ တန်အား ကျေးရွာနေပြည်သူများ အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ရာ   ဝမ်းဘဲချိုင့်ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူး  ဦးဝင်းမောင်နှင့်   ကျေးရွာထင်း ကြီးကြပ်မှု ကော်မတီဝင်များက  လက်ခံရယူခဲ့သည်။

 

ထို့နောက် မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းက ၂၀ဝ၄-၂၀ဝ၅ ဘဏ္ဍာနှစ် (၂၀ဝ၅ခုနှစ်၊ မိုးရာသီ)တွင် ဝမ်းဘဲချိုင့် ကျေးရွာအနီး၊ လဲကန်ကြိုးဝိုင်း အကွက်အမှတ် (၂၆)အတွင်း၌ တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းအမှတ် (၁/၂၀ဝ၄) ကျေးရွာသုံး ထင်းစိုက်ခင်း(၁၀ဝ)ဧကမှ ထွက်ရှိသော သစ်တောထွက်ပစ္စည်းဖြစ်သည့် ထင်း ၅ဒသမ၂တန်အား ဝမ်းဘဲချိုင့်ကျေးရွာရှိ  အိမ်ထောင်စု ၂၈၀ စု အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ သစ်တောထွက်ပစ္စည်း(ထင်း) ၅ဒသမ ၂တန် လွှဲပြောင်းပေးအပ်ပွဲသို့ တိုင်းဒေသကြီးအပူပိုင်းဒေသ စိမ်းလန်စိုပြည်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး   ဦးလင်းအောင်ရွှေနှင့်  တာဝန်ရှိသူများ၊ ဝမ်းဘဲချိုင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းမောင်၊ ကျေးရွာထင်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြင့်သိန်းစိုး( ပြန်/ဆက် )