ပုလဲမေတ္တာကျောင်းတိုက်၌ တတိယအကြိမ်မြောက်  တန်ဆောင်တိုင် မီးပုံးပျံပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုလဲ   ၁၂   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊   ပုလဲမြို့၊ ပုလဲမေတ္တာကျောင်းတိုက်၌  နိုင်ငံတော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တ ပညာဝံသ (ပုလဲဆရာတော်) ၏ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ တတိယအကြိမ်မြောက် တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၃နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

 “  ပုလဲနယ်သူ၊ နယ်သားများ   တန်ဆောင်မုန်းလပြည့်နေ့မှာ   ပျော်ရွှင်ချမ်းမြေ့စေရေး၊  ကုသိုလ်ဒါန   ပြုလုပ်နိုင်စေရေးကို ရည်ရွယ်ပြီး နိုင်ငံတော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တ ပညာဝံသ (ပုလဲဆရာတော်) ၏  ဦးဆောင်မှုဖြင့်  စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ တတိယအကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပပြုလုပ်ပေးခြင်း   ဖြစ်ပါတယ်။ တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိသတ်များကို ဆနွင်းမကင်းမုန့်၊ မုန့်ဖက်ထုပ်၊ ထပ်တရာ၊ စမူဆာမုန့်၊ မယ်ဇလီဖူးသုပ်၊  ဂျုံယို၊ အုန်းနို့ကျောက်ကျော၊ ငှက်ပျောသီး၊ ကိတ်မုန့်မျိုးစုံ၊ ထန်းရည်ကျိုမုန့်၊ ကြာဆံကြော်၊ အသုပ်စုံ၊ ပူတင်းမျိုးစုံ၊ လက်ဖက်သုပ်၊ တိုဟူးသုပ်၊ ပဲလက်ခတ်မုန့်၊ လိမ္မော်သီး၊ ဘူးသီး​​​ြော်၊ ကော်ပြန့်လိပ်၊ မုန့်လုံးရေပေါ်၊ ထန်းသီးမုန့်၊ အကြော်စုံ၊ ကောင်ညှင်းဖက်ထုပ်၊ မုန့်ပဲဆုပ်၊ ကရေကရာ၊ ဂျင်းသုပ်၊ ဖရဲသီး၊ ငချိတ်ပေါင်း၊ ကြာဆံဟင်းစသည့် မြန်မာ့ရိုးရာမုန့်များဖြင့် ကျွေးမွေးခဲ့ပါတယ် ” ဟု ပုလဲမြို့၊   ပုလဲမေတ္တာကျောင်းတိုက်မှ  အကျိုးတော်ဆောင် ဦးအောင်မင်းက ပြောသည်။

 

ညပိုင်းတွင် နိုင်ငံတော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တ ပညာဝံသ (ပုလဲဆရာတော်) က ရွှေမိုးငွေမိုးများကို ကြဲခဲ့ပြီး တတိယအကြိမ်မြောက် တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် အောင်ပွဲ အထိမ်းအမှတ်အဖြစ် မီးပုံးပျံများကို လွှတ်တင်ပေးခဲ့ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)

 

mdn