ပုဇွန်တောင်မြို့နယ်တွင် သွေးတိုး၊ ဆီးချို ရောဂါများအား အခမဲ့စစ်ဆေးကုသပေး

ရန်ကုန် ၁၉ စက်တင်ဘာ


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် စက်တင်ဘာလ(၁၈) ရက် ယမန်နေ့နံနက်ပိုင်း ၉နာရီတွင် သွေးတိုး၊ဆီးချိုရောဂါများ ဖြစ်ပွားမှုအခြေအနေ၊ ဖြစ်ပွားစေသော အကြောင်းအရာများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများမှ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ အခမဲ့ပေးခြင်းတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဘုန်း(ပြန်ဆက်)