ပုဇွန်တောင်မြို့နယ်၌ အငြိမ်းစား ဆရာ ဆရာမကြီးများအား ဆေးကုသပေး

ရန်ကုန်  ၃၀  ဒီဇင်ဘာ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အထက()ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက အငြိမ်းစားဆရာကြီး ဆရာမကြီးများအား မေတ္တာဆေးခန်းဖွင့်၍ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ဆေးကုသပေးရာတွင် ဆရာကြီး ဆရာမကြီး ၃၂ ဦးအား အခမဲ့ ဆေးစစ်ပေးခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေတ္တာဆေးခန်းကို အထက(၄)ကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ ထောက်ပံ့မှုဖြင့် ဆေးခန်း ဖွင့်လှစ်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

မြတ်သီရိ(ပြန်/ဆက်)