ပုဂံမြို့ရှိ ယွန်းပညာကောလိပ်ပြတိုက်သို့ ရှေးဟောင်းယွန်းပစ္စည် ၅ မျိုး လာရောက်လှူဒါန်း

ပုဂံ ၁ စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အောင်မြေသာယာကျောင်းတိုက် ဓမ္မမဉ္ဇူသိမ်ကျောင်းတော် ဆရာတော်အဂ္ဂမဟာ ဂန္ထဝါစက္ကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဓမ္မပါလမှ အဘိုးအဘွားများလက်ထက်က သုံးစွဲခဲ့သော ရှေး ဟောင်း ကုန်းဘောင်ခေတ်လက်ရာဟုယူဆရသည့်ယွန်းပစ္စည်း ငါးမျိုးကို ပုဂံမြို့ရှိ ယွန်းပညာကောလိပ်ပြတိုက်သို့ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ္စည်းများကို ဆရာတော်၏ အဘိုးအဘွားလက်ထက်ကပင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး ယခုလှူဒါန်းသော ပစ္စည်း ၅ မျိုးမှာ ဒေါင်းတန်းယွန်းဆွမ်းအုပ်ကြီး၊ ရွှေဇဝါဆွမ်းအုပ်၊ ယွန်းကွမ်းအစ်၊ ယွန်းဖြင့်ပြုလုပ်သော ဗုဒ္ဓဦးခေါင်းတော်တစ်ခု၊ ဟင်္သာခေါင်းပန်းပု အသေးတစ်ခုတို့ကို အလှူရှင်ဆရာတော်ကိုယ်စား ရေစကြိုမြို့အမှတ်(၇)ရပ်ကွက်နေ ဦးကျော်စိန်(လူမှုထူးချွန်)မှ ယွန်းပညာကောလိပ် ကျောင်းအုပ်ကြီးဒေါ်နီလာမြင့်ထံ ပေးအပ်လှူတန်းပေးခဲ့ကြောင်း သိရသည်။

 

ကျော်ဌေး(ညောင်ဦး)