ပုဂံမှာပြုလုပ်မဲ့ဓာတ်ပုံပြပွဲကြီး

ပုဂံ ၁၈ မတ်

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုဆိုဂုဏ်ပြုသော Bagan, A Different World ဓာတ်ပုံပြပွဲကို ၂၃- ၃- ၂၀၁၈ ရက်နေ့မှ ၂၅- ၃- ၂၀၁၈ ရက်နေ့ထိ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်း၌လည်းကောင်း၊ ၂၆- ၃- ၂၀၁၈ ရက်နေ့မှ ၂၇- ၃- ၂၀၁၈ ရက်နေ့ထိ ညောင်ဦးမြို့၊ အာနန္ဒာဘုရားပရဝဏ်အတွင်း၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြင့်မြန်မာနိုင်ငံတဝန်းမှဓာတ်ပုံပညာရှင်များ၏သမိုင်းဝင်ဓာတ်ပုံ အနုပညာလက်ရာမြောက်စွာ ရိုက်ကူးထား သည့်ဓာတ်ပုံပေါင်းများစွာကိုခင်းကျင်းပြသသွားမည်ဖြစ်သည်ဟု သိရသည်။  

 

(MDN)