ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပမည်

နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

ပြတိုက်လှုပ်ရှားမှုဆိုင်ရာ ပန်းချီပြပွဲ (Museum Activity Art Exhibition) ကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်း အမှတ်၊ (၆၆ / ၇၄)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ပန်းချီပညာရှင် ဝါသနာရှင်များ ပူးပေါင်းပါဝင်နိုင်ကြောင်းနှင့် ပြပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အမှတ်(၆၆ /၇၄)၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ဖုန်းဝ၁.၃၇၁၅၃၉၊ ၃၇၈၆၅၂ နှင့် Email – [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

MDN