ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ  ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့် ဆက်လက်ရောက်ရှိ

နေပြည်တော် ၁  နိုဝင်ဘာ

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိသည်။

 

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ် ၇ ခေါက်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၉ ခေါက် ရောက်ရှိသည်။

 

ယနေ့ ရောက်ရှိသောပစ္စည်းများမှာ KN95 Mask များ၊ Protective Face Mask များ၊   Boots များနှင့်  PPE Medical Protective clothing များ   ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်