ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် ထပ်မံရောက်ရှိ

ရန်ကုန် ၂၄ အောက်တိုဘာ 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ KY 3147 (KMG – RGN) Cargo လေယာဉ်သည် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ 8M791 (KMG – RGN) Cargo လေယာဉ်သည် ယနေ့ နံနက် ၄ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ KY3143 (KMG – RGN) Cargo လေယာဉ်သည် နံနက် ၅ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ CZ3055 (CAN  - RGN) လေယာဉ်သည်  နံနက် ၉ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊  ky 3145 ( KMG – RGN) လေယာဉ်သည်  မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ 8M794 Cargo လေယာဉ်သည် နံနက် ၄ နာရီ ၁၂ မိနစ်တွင်လည်းကောင်း အသီးသီးရောက်ရှိကြသည်။

ယနေ့အထိ ရောက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှာ KN95 Masks ၉၁၉၀၄၀၀ ၊ Protective Face Masks  ၅၀၀၀၀၀ ၊ PPE Medical Protective Clothings ၉၂၀၀၀ ၊ Boots ၁၅၉၀၀ ၊ Face Shields ၂၀၀၀၀၀၊ Surgical Gloves ၂၀၀၀၀၀ တို့ ဖြစ်ကြောင်း သိရသည်။

အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိအတွင်း အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်