ပထမအကြိမ် တရုတ် - အာဆီယံရုပ်မြင်သံကြား ရက်သတ္တပတ်နှင့် တရုတ် - အာဆီယံ ထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင် တေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၁၉  စက်တင်ဘာ 

ပထမအကြိမ် တရုတ်-အာဆီယံ ရုပ်မြင်သံကြား ရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားနှင့် တရုတ်-အာဆီယံ ထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ ကွမ်ရှီး အသံနှင့် ရုပ်မြင်သံကြားဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာနမှ မစ္စစ် ဖန့်ရှောင်လိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ် မာလိ၊ ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ် ကျန်းဟုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်များက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

(သတင်းစဉ်)