Professional and Advanced Excel Training Course သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၁၅  ဇန်နဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) တို့ပူးပေါင်း၍ Professional and Advanced Excel Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက အမှာစကားပြောကြားပြီး Myanmar Excel Expert Team မှ Founder and Trainer ဦးဌေးအောင်က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၄၀)ဦးက ဇန်နဝါရီ ၃၁ ရက်အထိ တက်ရောက်ကြမည်ဖြစ်သည်။

 

သန့်ဇော်