ပါပူရာမှာ ပဋိပက္ခတွေဖြစ်တဲ့အတွက် အင်တာနက်ဆက်သွယ်ရေးလိုင်း အင်ဒိုနီးရှားအစိုးရက ပိတ်ပင်

၂၃ သြဂုတ် 


အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက်ဆုံးမှာရှိတဲ့ ပါပူရာကျွန်းမှာ ဆန္ဒပြမှုများနဲ့ ပဋိပက္ခများ အခု သီတင်းပတ်အတွင်းမှာ ဖြစ်ပွားတဲ့အတွက် အင်ဒိုနီးရှားအစိုးရက အင်တာနက်ဆက်သွယ်ရေးလိုက်မှာကို ဖြတ်တောက် ပိတ်ပင်လိုက်ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဝေဖန်မှုတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ 


ပါပူရာ ဟာ ပါပူရာနယူးဂီနီနဲ့ နယ်စပ်ချင်း ထိစပ်နေပြီး သဘာဝသယံဇာတကြွယ်ဝပေမယ့် ဖွံ့ဖြိုးမှုမရှိတဲ့ ပါပူရာကျွန်းမှာ ဂျာကာတာရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်နေခဲ့တာ နှစ်ပေါင်း ဆယ်ချီပြီးရှိပြီ ဖြစ်ပါတယ်။ 


လက်တလော ဆန္ဒပြမှုများက ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက ဂျာဗားကျွန်းမှာ ပါပူရာကျွန်းသား ကျောင်းသားအများကို ဖမ်းဆီရာကနေ စတင်ခဲ့တာပါတယ်။
 

ဆန္ဒပြမှုတွေစတင်ကတည်း အင်တာနက်ဆက်သွယ်ရေးမှာ နှေးကွေးသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ လုံးဝ ဖြတ်တောက်ခဲ့ပါတယ်။ 


ကြာသပတေးနေ့က အင်ဒိုနီးရှား ရဲ နဲ့ စစ်သား ၁၂၀ဝ ကို ပါပူရာကို စေလွှတ်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။ 


MDN


ကိုးကား - AFP

 

000_1JO5