POCARI SWEAT RUN မာရသွန်အပြေးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်တာလွှတ်ပေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် POCARI SWEAT RUN Co.,Ltd  တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၈ ခုနှစ် POCARI SWEAT RUN မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် (၅) နာရီခွဲက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြေးခုန်ပစ် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်နှင့်  တာဝန်ရှိသူများက ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၁)ကီလိုမီတာ မာရသွန် အပြေးပြိုင်ပွဲကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက (၁၀)ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန လူထုအားကစားနှင့် ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးက (၆)ကီလိုမီတာ မီနီမာရသွန် အပြေးပြိုင်ပွဲကိုလည်းကောင်း စတင်တာလွှတ်ပေးကြသည်။

 

ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသူများကို ဆုများပေးအပ်သည်။

 

(၂၁)ကီလိုမီတာ ပြည်တွင်း အမျိုးသား/အမျိုးသမီး မာရသွန်ပြိုင်ပွဲတွင်  ပထမဆု အမေရိကန် ဒေါ်လာ (၁၅၀ဝ)၊ ဒုတိယဆု အမေရိကန်ဒေါ်လာ (၁၀ဝ၀)၊ တတိယဆု အမေရိကန် ဒေါ်လာ (၅၀ဝ)၊ (၂၁)ကီလိုမီတာ နိုင်ငံတကာ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ (၆၀ဝ)၊ ဒုတိယဆု အမေရိကန်ဒေါ်လာ(၅၀ဝ)၊ တတိယဆု အမေရိကန် ဒေါ်လာ (၄၀ဝ)၊  (၁၀)ကီလိုမီတာ ပြည်တွင်း အမျိုးသား/အမျိုးသမီး မာရသွန် ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ (၁၀ဝ၀)၊ ဒုတိယဆု အမေရိကန်ဒေါ်လာ (၅၀ဝ)၊ တတိယဆု အမေရိကန် ဒေါ်လာ(၂၅၀)၊ (၁၀)ကီလိုမီတာ နိုင်ငံတကာ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ (၃၀ဝ)၊ ဒုတိယဆုအမေရိကန်ဒေါ်လာ (၂၅၀)၊ တတိယဆု အမေရိကန်ဒေါ်လာ (၂၀ဝ)၊ (၆)ကီလိုမီတာ မီနီမာရသွန်  အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ (၂၀ဝ)၊ ဒုတိယဆု အမေရိကန်ဒေါ်လာ (၁၀ဝ)၊ တတိယဆု အမေရိကန်ဒေါ်လာ (၅၀) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)